ရှင်ယာကုပ်ပွဲနေ့|| ဇူလိုင်လ(၂၅)ရက်|| ကရုဏာတော်နှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရား၊ သခင် ယေရှုခရစ်ခေါ်တော်မူသောအခါ တမန်တော်ရှင်ယာကုပ်သည် မဆိုင်မလင့် နာခံ၍၊ အဘနှင့် ပစ္စည်းရှိသမျှကို ထားခဲ့လျက်၊ နောက်တော်သို့ လျှောက်လိုက်သည့်နည်းတူ၊ ကျွန်တော်တို့လည်း လောကစွဲလမ်းခြင်း၊ ကိုယ်ကာယတပ်မက်ခြင်းများကို စွန့်ပယ်လျက်၊ အမိန့်တော်များအတိုင်း အစဉ်လျှောက်လိုက်နိုင်ကြစေရန်၊ အရှင်ယေရှုအတွက်အတာတော်ကြောင့် မစသနားတော်မူပါဘုရား။ အာမင်။
ရှင်ယာကုပ်ပွဲနေ့
